ဆောင်းပါး

ထိုင်း-မြန်မာ အရေးကြီးတဲ့ ကွာခြားချက်များ

အဂ္ဂ

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံရဲ့ အရေးကြီး သော့ချက်ကျတဲ့ ကွာခြားချက်တချို့ ကို မြန်မာအပါအ၀င်နိုင်ငံတကာ အတွေးအမြင်ဆောင်းပါးရှင် မီဒီယာလစ်တွေ သဲသဲကွဲကွဲသိလာအောင် Facts အချက်အလက် တချို့ ပေးချင်ပါတယ်။

အတွေးအမြင်ဆောင်းပါးရှင်ဆိုတာက ၀ါဒဖြန့် ချီရေးသမားတွေလို မျက်စိမှိတ်နားပိတ်

ပြီးရေးလို့ မသင့်တာကိုသိတဲ့ အတွက် ခုပေးမဲ့အချက်အလက်အမှန်တွေကို စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။

ကွာခြားချက်(၁)

ထိုင်းနိုင်ငံမှာ ပုဂ္ဂလိကပရော်ဖက်ရှင်နယ် လိုင်းလတ်အသံလွှင့်ရုံ ၂၀၄ ခု အက်ဖ်အမ်ရေဒီယို ၃၃၄ ခု အပြင် ကွန်မြူနီတီ အသံလွင့်ရုံ ၄၀၀၀ ကျော်ရှိပါတယ်။ နာမယ်ကြီး ရုပ်သံဌာနကြီး ၆ခုအပြင် အင်တာနက်တီဗီနဲ့ စလောင်း တီဗွီတွေ မရေမတွက်နိုင်အောင်အမြားအပြားရှိပါတယ်။ လူသိများတဲ့ ပုဂ္ဂလိကသတင်းစာ ၁၀စောင်အပါအ၀င် အပြင်ခရိုင်အလိုက် သတင်းစာတွေက လည်း ခရိုင်အရေအတွက်ထက်ပိုများများရှိပါတယ်။ မီဒီယာတွေအားလုံးလိုလိုမှာ အစိုးရကို မသိမသာဝေဖန်တဲ့အဆင့်ကနေ အပျင်းအထန်ပုတ်ခတ်ရှုတ်ချထားတဲ့ သတင်းဆောင်းပါးတွေရော အစိုးရကို မသိမသာထောက်ခံထားတဲ့အဆင့်ကနေ့  လှိုက်လှိုက်လှဲလှဲထောက်ခံပြီး အနီတွေကိုပက်ပက်စက်စက် ဝေဖန်ထားတာတွေတွေရော၊ ကြားနေငြိမ်းချမ်းရေးသမားတွေရဲ့ သုံးသပ်ချက်တွေရော နေ့ စဉ်ပါဝင်နေတာကို ဖတ်ရပါတယ်။

ဒီမီဒီယာတွေထဲက တချို့ ကို တော့ရှပ်နီတွေပိုင်ပါတယ်။ ရှပ်နီရုပ်သံကတော့ အစိုးရကို တိုက်ခိုက်ဝေဖန်ရှုတ်ချတဲ့ ၀ါဒဖြန့် ချီရေး ကိုဌာနရဲ့ အဓိကအခန်းအဖြစ် ပွင့်ပွင့်လင်းလင်းဘဲ တောက်လျှောက်လုပ်ပါတယ်။ ဒီလိုလုပ်လို့  တရားစွဲခံရတာမျိုးရှိတတ်ပေမဲ့ အမှုနိုင်လေ့ရှိတာမို့ တားမြစ်ပိတ်ပင်ခံရတာ အဖမ်းခံရတာ မရှိခဲ့ပါဘူး။ အခုဖြစ်ပွားတဲ့ သပိတ်ကာလမှာ ရုပ်သံဌာနအပိတ်ခံရတာက နိုင်ငံတကာသတင်းကျင့်ဝတ်စံတွေကို ချိုးဖေါက်လို့ မဟုတ်နိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ နဂိုလ်ကတည်းက ဒီကျင့်ဝတ်စံတွေကိုမှမသုံးခဲ့လို့ ဘဲလေ။

ဆန္ဒ ပြပွဲကြီးဟာ အများပြည်သူတွေရဲ့ အခွင့်အရေးကို အလွန်အကျွံထိခိုက်နေချိန်မှာ ဒါ့ထက်ပိုပြီးကြမ်းကြမ်းတမ်းတမ်းလုပ်ကြဖို့ ရုပ်သံကနေတဆင့် အနီခေါင်းဆောင်တွေက မနားမနေလှုံ့ဆော်နေခဲ့ကြတာကိုသူတို့ ရဲ့ ရုပ်သံလိုင်းကိုဖွင့်တိုင်း မြင်ရတယ်လေ။

တချိန်ထဲမှာဘဲ ဥပဒေရော အများပြည်သူအခွင့်အရေးတွေကိုပါချိုးဖေါက်နေတဲ့ အနီတွေကို ဥပဒေအရ ထိုက်ထိုက်တန်တန် မြန်မြန်ဆန်ဆန်အရေးမယူလို့  ၀န်ကြီးချုပ်ကိုနှုတ်ထွက်ဖို့  အ၀ါအဖွဲ့ နဲ့  ဘန်ကောက်ပြည်သူတွေ ကလည်း ကျေညာချက်ထုတ်တယ်။(အ၀ါအဖွဲ့ ဆိုတာက ဂျာနယ်လစ်ကဦးကစတင်ပြီး ထပ်စင်အစိုးရကို သပိတ်မှောက်ဆန့် ကျင်ခဲ့တဲ့ လူထု)

ကဲ အချက်အလက်မှန်တွေထဲက ကီးတွေကိုခုလိုသိရပြီးနောက် မြန်မာပြည်နဲ့ ဘယ်လိုကွာခြားတယ်ဆိုတာကို အလိုအလျှောက်သိသွားကြပြီလို့ ထင်ပါတယ်။

ထိုင်းမြန်မာ

ကွာခြားချက်(၂)

ဒုတိယကွာခြားချက် ကတော့ ခုဖြစ်သွားတဲ့ ထိုင်းနိုင်ငံကဆ န္ဒပြပွဲနဲ့  ၈၈၈၈အရေးအခင်းနှ စ်ခုရဲ့ ခြားနားပုံဖြစ် ပါတယ်။ ပထမပိုင်းကိုဖတ် ပြီးတဲ့သူတွေအဖို့  ကွာခြားချက်တချို့ ကို အလိုအလျှောက်နား လည်သွားပြီလို့ ထင်ပါတယ်။ မီဒီယာဌာနအရည်အတွက် နဲ့ နိုင်ငံလူဦးရေ အချိုးအစား ရေးရှိုးဟာ မီဒီယာလွတ်လပ်ခွ င့် မြင့်တာနိမ့်တာကိုတိုင်းတာနိုင် တဲ့ အင်ဒီခေတာတခုဖြစ်ပါတယ်။ မီဒီယာလွတ်လပ်ခွ င့်မရှိရင် ဘာမှ ရေရေရာရာအလုပ်လု ပ်နိုင်မှာမဟုတ် လို့ ပုဂ္ဂလိက မီဒီယာတွေ အများအပြားမပေါ်ထွက်လာနိုင်ပါဘူး ။ လူသတ်မှု အားကစား အနု အယဉ်အလှ အချစ်ဇာတ်လမ်းလေးတွေနဲ့ပစ္စည်းကျော်ငြာတာလေးတွေလောက်သာ လုပ်လို့ ရတာကို မီဒီယာအခွင့်အရေးရှိတယ်လို့ မခေါ်ပါဘူး။
၈၈၈၈အရေးအခင်းတု န်းက မြန်မာပြည်မှာ တပြည်လုံး အသံလွှင့်ရုံ တရုံဘဲရှိတယ်လို့ ထင်ပါတယ်။ (မေလ ၂၅ ရက် ၂၀၁၀ နောက်ဆုံးစာရင်း ဇယားအရ ထိုင်းမှာက ကွန်မြူနီတီအသံလွင့်ရုံ ၆၅၀၀ကျော်ရှိနေပ်ါပြီ) မဆလ တပါတီအစိုးရက ရှိသမျှ သတင်းစာမီဒီယာတွေအား လုံးကိုအစိုးရပိုင်အဖြစ်သိမ်းပိုက်ထားခဲ့တယ်လေ။ အစိုးရပိုင်မလုပ်တဲ့ အသေးအဖွဲမီဒီယာေ တွကိုတော့ ဆင်ဆာဥပဒေနဲ့ တင်းတင်းကြပ်ကြ ပ်ချုပ်ကိုင်ထား ခဲ့တယ်။ နိုင်ငံတနိုင်ငံ မှာ မီဒီယာအခွင့်အရေးဘယ်လောက်ရှိတယ် မရှိဘူးဆိုတာကလည်း နိုင်ငံသားဆိုင် ရာလူ့ အခွင့်အရေးတွေ ဘယ်လောက်ရှိတယ် ဆုံးရှုံးနေတယ်ဆိုတာကို တိုက်ရိုက်ပြနေတဲ့ အင်ဒီခေတာတခုပါ။ တခြားအခွင့်အရေး တွေမှန်သမျှကိုေ ပးနေတဲ့ အစိုးရတရပ်မှာ မီဒီယာကို ချုပ်ကိုင်ထားဖို့ အကြောင်းမရှိလို့ ပါဘဲ။ ထိုင်းနိုင်ငံမှာက မီဒီယာဆိုင်ရာဖေါ်ထုတ်ခွင့်တွေကို ချုပ်ကိုင်တဲ့ ဆင်ဆာအဖွဲ့ ဆိုတာမရှိပါဘူး ။ မီဒီယာ ဖေါ်ထုတ်ခွင့်တွေ ကို အစိုးရက ချုပ်ထိမ်းရမယ်ဆိုတဲ့ ဥပဒေချမှတ်ထား တာလဲမရှိပါဘူး။
အီလက်ထရောနစ်ဥပေ ဒတို့ ဘာတို့ ဆိုတာတွေဥပဒေချ ထားတာရှိပေမဲ့ ပုံမှန်လက်တွေ့ အသုံးချနေတာတွေ မရှိဘူး။ လတ်တလော အရေးအခင်းမှာ အနီပိုင်ရုပ်သံဌာနတွေနဲ့  ကွန်မြူနတီ အသံလွှင့်ရုံပေါ င်းရာနဲ့ ချီပြီး ယာယီအရပ်ဆိုင်းခံရတာက မီဒီယာတို့ လိုက်နာအပ်တဲ့ နိုင်ငံတကာမီဒီယာကျင့်ဝတ်အတိုင်း မလုပ်ဘဲ ထောက်အထားမဲ့ စွတ်စွဲလှုံ့ ဆော်မှုတွေကို သတင်းအဖြစ်နင်းက န်တင်နေခြင်းကနေ အလွန်သိသာတဲ့ ရိုက်ခတ်မှုဆိုး ကျိုးတွေ ထင်ထင်ရှားဖြစ်လာနေတာကို ရပ်တန့် ဖို့ သာဖြစ်နေတယ်။ ပုံမှန်အခြေအနေေ တွမှာ ခုလို မီဒီယာစည်းမစောင့်ဘဲ လွှင့်နေကြတာကို တော့ ထိုင်းအစိုးရက ရေးကြီးခွင်ကျယ် လုပ်ပြီးလိုက်အေ ရးယူတာ တွေမရှိသလောက်ပါ ဘဲ။ ဘလော့တော်တော်များများကိုပိတ်ဆို့ ထားတယ်ဆိုတာကို အင်္ဂလိပ်ဘာသာ သတင်းတွေမှာ စာဖတ်သူတွေ့ ခဲ့ရဘူးမှာပါ။ ဟုတ်ပါတယ် အမှန်က ဘာစည်းမျဉ်းကျင့် ဝတ်မှ ထိမ်းသိမ်းဖို့ မလိုတဲ့ ဘလော်ဂါဆိုတာကို ဂျာနယ်လစ် အဖြစ် ကမ္ဘာကလဲအသိအမှတ် မပြုပါဘူး။ ပစ်စာတွေအဖြစ်သာ သဘောထားပါတယ်။ နောက်ပြီး အပြာရုပ်ပုံနဲ့  ရုပ်သံတွေကို တင်ကြတာက အထိမ်းအကွပ်မရှိ ဖြစ်နေတယ်။ အဲလိုစံမှီကျင့် ၀တ်မရှိသေးဘဲ ဘယ်သူလုပ်မှန်းလဲမသိတဲ့ သလော့ဂါတွေကနေ ထကြသတ်ကြဆိုပြီး ပေါက်ကရတွေရေးကြ ထအော်နေကြတာကို ထိုင်းအစိုးရက အရေးပေါ်လုံခြုံေ ရးဥပဒေကိုသုံးပြီး ယာယီပိတ်ပင်တာတွေပါ။ တချိန်ထဲမှာဘဲ မီဒီယာအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ခုလိုအပိတ်မခံရပါဘူး။
ဒီလောက်လွတ်လပ်မှုအလျှံပယ်ဖြစ်ေ နတဲ့ ထိုင်းက ဆန္ဒပြပွဲဟာ မီဒီယာအခွင့်အရေးနဲ့ အတူ အခြေခံလူ့ အခွင့်အရေးတွေကိုတောင် ဆယ်စုနှစ်ပေါင်း များစွာဆုံး ရှုံးနေရလို့ ပေါက်ကွဲခဲ့ရတဲ့  ၈၈၈၈ အရေးအခင်းနဲ့ တူပါတယ်လို့ ကောက်ချက်ချနို င်မနိုင်ကို စာဖတ်သူကဘဲဆင်ချ င်သုံးသပ်ကြည့်ပါတော့။
—————————

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s